Blogger Widgets

Thursday 9 May 2013

U WIRA THU “ဝီရသူ သဘောထား ၁/၇၅”

8.MAY 2013     ၂၀၁၃- ခုနှစ်၊ မေလ (၆)ရက်- ရက်စွဲပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ သဘောထားကြေညာချက် ၃/၂၀၁၃ နှင့် ပတ်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော်၊ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ (မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာအပ်ပါသည်။
          အဆိုပါ ကြေညာချက်၌ စာပိုဒ် (၃)ပိုဒ် ပါရှိရာအမှတ်(၁)အပိုဒ်ပါ အောက်ပါစကားရပ်များသည် မြန်မာပြည်ရှိ အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များကိုတစ်စုံတစ်ခုသော ပြဿနာကို အကြောင်းပြု၍ သွေးခွဲဖို့ကြံစည်နေသော သွေးဆာသူ လူတစ်စု၏ အစွန်းရောက်လုပ်ရပ်ကိုတိကျပြတ်သားစွာ ကန့်ကွက်ရှုတ်ချခြင်းဖြင့် နိုင်ငံသားကောင်း ပီသကြောင်း၊ ဘာသာရေး ခေါင်းဆောင်ကောင်းပီသကြောင်း ပြသလိုက်ခြင်းပင် ဖြစ်၏။
မြန်မာနိုင်ငံသား ……….(ပ)……… ပြည်သူများလည်းရှိနေပါသည်။ (၃/၂၀၁၃- အပိုဒ် (၁) )
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ အဆိုပါ ရပ်တည်ချက်ကြောင့် ပြည်ထောင်စု တစ်ဝှမ်းလုံးရှိ အစ္စလာမ်ဘာသာဝင်များသည်အခြားဘာသာဝင်များနှင့် တစ်သွေးတည်း တစ်သားတည်း၊ တစ်စိတ်တည်း တစ်ဝမ်းတည်း ရပ်တည်ရှင်သန်လာလိမ့်မည်ဟုယုံကြည်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် အစ္စလာမ်ဘာသာဝင် အားလုံးအပေါ် သြဇာအာဏာကြီးသော အဖွဲ့အစည်းကြီး တစ်ခုဖြစ်ကြောင်းပြီးခဲ့သည့် ကိုရ်ဘန်နီအစ်နှင့် ၂၀၁၃-သင်္ကြန်တွင်းကာလတို့မှာ ထင်ရှားပေါ်လွင်ခဲ့ပါသည်။
ထိုသို့ သြဇာအာဏာကြီးမားသော အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ရပ်တည်ချက်သည် မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး၏ အသက်အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးလိုက်ခြင်းပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ဘဝလုံခြုံရေးအတွက် အစိုးရမှာသာ တာဝန်ရှိသည်မဟုတ် ကျနုပ်တို့ ဘာသာရေးခေါင်းဆောင်များမှာလည်း တာဝန်ရှိသည်ဟု ခံယူပါသည်။
သို့ဖြစ်၍….
(က)    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏သဘောထားကြေညာချက် ၃/၂၀၁၃ကို ဝမ်းမြောက်ဝမ်းသာ ထောက်ခံကြိုဆိုကြောင်း နှင့် ကျေးဇူးအထူးတင်ရှိပါကြောင်း ကြေညာအပ်ပါသည်။
(ခ)     မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး အသက်အိုးအိမ် စည်းစိမ်နှင့် ဘဝလုံခြုံမှုအပြည့်အဝ ရရှိကြစေရေးနှင့် မြန်မာပြည် ထာဝရ ငြိမ်းချမ်းရေးအတွက် စိတ်အားတက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။
ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေးမြို့

No comments :

Post a Comment

Blogger Widgets
Back to Top